Breaking News
Loading...
Monday, November 16, 2015

မိန်းမသား ဘာသာအတိုင်း
ဒီကောင်းကင်ကြီးမှာ
လမင်းကို အသာငေးကြည့် နေတဲ့ ကြယ်ပွင့်လေးပါ.။

ထမ်းပိုးထားတဲ့ သမုဒ္ဒရာတွေရယ်..
လက်ဖဝါးကြမ်းကြမ်းတစ်စုံရယ်.
မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေနဲ့ 
နှလုံးသားတစ်စုံ ကို မြင်နေရပေမယ့်လည်း..
ငါ့ပင်လယ်က လှိုင်းတွေ ဒီကမ်းကို မကပ်နိုင်သေးဘူး..။

ပန်းဆိုတာ ပွင့်မှလှတာ
နှလုံးသားဆိုတာ အချစ်ရှိမှ ပြည့်စုံတာ
မင်းရင်ဘတ်က အချစ်တွေ စာစီပြပါ

အချစ် ..အဂျစ် ..အခြစ်...
စကားလုံးတွေက
မပြောတာကြာ.
မရေးတာကြာလို့ ..
အသံထွက်မပီချင် ..
စာလုံးပေါင်း မမှန်ချင်တော့ဘူး.

ရင်ကို ရင်နဲ့ပြီး
အချစ်ကို အချစ် နဲ့ တည်တဲ့ အချစ်အိမ်လေးဖွဲ့ 
စိတ်ကူးယဉ်တိမ်တိုက် တွေ ကို အားကျချင်လိုက်တာ

စိတ်ကူးနဲ့ လက်တွေ့ 
အချစ်နဲ့ ဘဝ
ကျောနဲ့ ရင်လို
ဆန်ကျင် ဘတ်အရပ်ဆီမှာ
အချစ်နဲ့ စားလို့ မရသလို
အချစ်နဲ့ အိပ်လို့ မရပါဘူး.
အချစ်တစ်ခုတည်းနဲ့ တော့ ဘဝလမ်းက
လေဒဏ် မိုးဒဏ်တွေ ပြင်းလွန်းပါတယ်.။

ကျောပူတာကို ခံနိုင်ပေမယ့်
ရင်ပူတာကို မခံနိုင်လို့ ပါ
တစ်ဘဝစာမဟုတ်တောင် တခဏ
ဒီရင်ဘတ်မှာ သိမ်းထားချင်တယ်.။


ိုရန်ခုန်သံက အပျော်ဖတ်ဝတ္တုမဟုတ်သလို
အပျင်းပြေ ဆိုရုံလောက်နဲ့  ငါရင်ဘတ်ထဲကို ဝင်မကြည့်လိုက်ပါနဲ့ ။
ဇာတ်လမ်းထဲက ရွှေမင်းသားလည်း မဟုတ်ပါဘူး
ဒီလမ်းတွေ က မစိမ်းလန်းသေးဘူး
ဒီရာသီက မငြိမ်မသက်နဲ့ 
နေဝင်ချိန်လမ်းတွေ ပေါ်မှာ
ငါ ....
ဟို သီချင်းကို ခပ်ဖွဖွ ရွတ်ဆိုမိတယ်.။
........".မလာပါနဲ့"..............။

အချစ်စစ်ပွဲမှာ အချစ်ကြီးသူသာ ရှုံးနိမ့် ရစမြဲဆိုရင်
တောင်စွယ်နေကွယ်မှာ နှလုံးသားကို မစတေးရက်ဘူး
အလွမ်းမြို့ ကြီးပဲ တည်လိုက်မယ်.။



0 comments:

Post a Comment

Páginas vistas en total