Breaking News
Loading...
Saturday, November 21, 2015


ဆယ်နှစ်လရာသီလို...
ဟောင်းပြီးရင်အသစ်မဖြစ်နိုင်တဲ့ 
တို့ ရဲ့ ရင်ခွင်အိုကို စွန့် သူရေ...

နွေရာသီရဲ့ အလှကိုစာပန်းချီခြယ်သသော်လည်း
တို့ ရင်မှာလေ....
နေပူမှာလေပြင်းတိုက်နေတဲ့ ....
အာဖရိကတိုက်ကိုရောက်နေသလိုပါပဲ....

ဝသန်မိုးရဲ့  အလှကိုလေ
ခံစားတက်တဲ့  တို့ ရင်ခွင်ဟာလေ....
မင်းထားခဲ့တဲ့  အချိန်ကစပြီး
အိုင်လယ်ကယင်ကောင်လေးလို..
လွတ်မြောက်ရာကိုကူးခတ်နေမိရဲ့ ....

ဒီဇင်ဘာရဲ့ အလှ..
ဆရာဖေပြောတဲ့  အချမ်းကဲတဲ့ ညတွေမှာလေ.....
ပူလောင်တဲ့  တို့ ရင်ခွင်အတွက်....
ဆရာဖေတောင် ပိုတယ်လို့ ထင်မိရဲ့ ...

အပြစ်တင်လဲ ခံရတော့ မယ်
တို့ ရဲ့ အဖြစ်ကလေ...
မင်းထားတဲ့ အချိန်ကစပြီး...
လှပတဲ့ သဘာဝရာသီလဲ...
ကျိုးပဲ့ ကာ.....တို့ လိုခံစားစေမိရဲ့ ......

0 comments:

Post a Comment

Páginas vistas en total