မျက်ဝန်းလေးတချက်
Info Post
မျက်ဝန်းလေးတစ်ချက် ဆုံဖို.အတွက်
ရင်ခုန်လွန်းစွာ စောင့်ဆိုင်းခဲ့ရ
ချိန်ကာလတွေ ကြာညောင်းလည်းပဲ
တဘ၀လုံး ကုန်သွားပါစေ
ကိုယ်ကျေနပ်တယ်
ခေါင်းလေးဘယ်ညာ ယမ်းခါပြီးတော့
မျက်ဝန်းလေးရဲ. ထောင့်စွန်းလေးက
မကြည့်သလို ကြည့်သလိုနဲ.
မျှော်လင့်ချက်ရဲ. လင်းရောင်ခြည်လေး
ယှက်သန်းလာတာ မြင်ရရုံနဲ.
ကိုယ်ကျေနပ်တယ်
မမျှော်လင့်ပဲ နေ့မှာလမင်း
သာသလိုပင် နူညံလှတဲ့
မျက်ဝန်းတချက် ဆုံတွေ.ရတော့
လက်ရှိဘ၀ မေ့ပျောက်သွားအောင်
ကိုယ်ပျော်လိုက်တာ
မာကျောလှတဲ့ ကျောက်သားတွေတောင်
ရေတပေါက်ချင်း ကျဆင်းဒဏ်ကို
မခံနိုင်တာ ကိုယ်လိုလူသား
နူးညံလှတဲ့ နှလုံးသားက
မင်းရဲ.အကြည့် တချက်တချက်
ဆုံပါများသော မခံနိုင်အောင်
ဖြစ်ခဲ့ရပြီ
အခုတော့လည်း နှလုံးသားလေး
ပေါက်ထွက်သွားပြီး စီဆင်းလာတဲ့
စမ်းချောင်းလေးက အပြာရောင်နဲ.
ပေါက်ထွက်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့
သံစဉ်များက ကိုယ်ပြောပြမည်
မင်းကိုချစ်သည်။
0 comments:
Post a Comment