Breaking News
Loading...
Wednesday, November 18, 2015


ဒီတစ်ည.." လ " ကသာတယ်..
တောင်စဉ်ရေမရ အတွေးတွေထဲ
ဘာကြောင့်...စိုးမိုးနိုင်လွန်းလဲ ချစ်သူ...
နေ့နေ့...ညည
ချစ်သူပုံရိပ်တွေနဲ့...
ကျနော်...နေသားကျနေခဲ့ပြီ ...
အိပ်မက်တိုင်းလည်း
ချစ်သူ့ အပြုံးရိုင်းလေးတွေ
ကျနော့်မှာ....ဖက်တွယ်ငြိလို့....
ဖြူစင်တဲ့ပါးပြင်မှာ
အနမ်းတစ်ပွင့်....စိတ်ကူးနဲ့
စွန်းထင်းစေခဲ့တယ် .....
မွှေးပျံ့ရီဝေလိုက်တာ....
အရာရာတိုင်းဟာ မှုံရီဝါးလို့
အဲဒီ တဒင်္ဂ...
ချစ်သူနဲ့ ကျနော်..
တစ်ကမ္ဘာမှာ...နှစ်ယောက်တည်းရှိနေခဲ့တယ်..
အတွေးတွေလည်း ပြာရီလင်းလို့
ရီဝေ ....လှိုက်မော...
ကျယ်ပြောတဲ့ အချစ်ပင်လယ်ပြင်....
ရွက်စုံဖွင့်ထားတဲ့ ...လှေငယ်ထဲ
လိုက်ရဲပါ့မလား ချစ်သူ ???
မုန်တိုင်းလည်းထန်လိမ့်မယ်....
ကျနော့်လက်ကိုတွဲ
ခပ်ရဲရဲသာ ...၀င်လာခဲ့ပါ...
ချစ်သူအတွက်....
အချစ်ကဗျာတွေ သီကုံးရင်း
ဂစ်တာတစ်လက်နဲ့ ဖျော်ဖြေနေမယ်...
စိတ်တိုင်းကျ နားဆင်ပါ
အဖိုးအခအဖြစ်...
အပြုံးတစ်ပွင့်နဲ့
ပါးပြင်တစ်ဖက်...ချစ်သူ့လက်...
အသက်ထက်ဆုံးပိုင်ဆိုင်ပါရစေ.....။

0 comments:

Post a Comment

Páginas vistas en total