ဘယ်တော့မှမခွဲဘူး.....ယုံ...
Info Post
နင်က....မိုးကုတ်စက်ဝန်း
ငါ က.....ရေပြင်ကျယ်
အဝေး တနေရာ က
အမြင် တွေ ဖြန့် လိုက်တော့
မိုးနဲ့ ရေ ထိစပ် နေတာပေါ့
ဘယ်လောက်ပင်ဝေးကွာနေ
ထိစပ်မှု့ ရှိနေခြင်း ဆိုတဲ့
နိ ယာ မ တခုကိုရလိုက်တယ်လေ
ငါ့အတွက်ကတော့
မမြင် နိုင်တဲ့ အားတွေပေါ့ ။
နင်...နဲ့....ငါ လည်း
မိုး....နဲ့....ရေ လို
ထိ စပ် နေ တယ် လေ
မမြင် နိုင် တဲ့ ကြိုး
ရင်မှာရှိ ကျတာမို့
ဘယ်အချိန် ကြည့်ကြည့်
ထိ စပ် မှု့  ရဲ့ 
နိ ယာ မ အ တိုင်း
ဘယ်တော့ မှ ဝေးမသွား ဘူးနော်
ကမ္ဘာတည်သရွေ့ ချစ်သူရယ်...
0 comments:
Post a Comment