Breaking News
Loading...
Monday, November 16, 2015


ကမ္ဘာလောကကြီးက ငါ့အတွက်
တစ်ကိုယ်ကောင်းဆန်တယ်
အကြင်နာတရာများ ငါ့အတွက် ခေါင်းပါးလွန်းတယ်
မေတ္တာတရာများ ငါ့ကို ပုန်းရှောင်နေတယ်
သစ္စာတရားများ ငါ့ကို လှောင်ရယ်နေတယ်


တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လောကကြီးမှာ
ငါတစ်ယောက်တည်း တစ်ကိုယ်တည်း
ခေါင်းပါးလွန်းတဲ့ အကြင်နာတရားများ
ရှောင်ဖယ်နေတဲ့ မေတ္တာတရား၊
အဝေးက လှောင်ရယ်နေတဲ့ သစ္စာတရားတွေနဲ့အတူ
အထီးကျန်စွာ မင်းမရှိတဲ့ ကမ္ဘာမှာ
အသက်ရှင်နေရသလိုပဲ ကောင်မလေးရယ်.....။

ကောင်မလေး မင်းမသိတာလား
မသိတတ်တာလား မသိချင်ယောင်ဆောင်နေတာလား
ငါလည်းမသိတော့ပါကွာ.....
နေနိုင်လွန်းတဲ့မင်းနဲ့ ချစ်တတ်လွန်းတဲ့ငါ
ဘယ်လိုကံကြမ္မာတွေကြောင့်များ
ဆုံဆည်းဖို့ အကြောင်းဖန်လာရသလဲ
ဝေခွဲရင်း ကြေကွဲမျက်ရည်ဝဲနေရပါတယ် ကောင်မလေးရယ်.....။

တနေ့နေ့တော့ မင်းနဲ့ငါ
အမှန်နဲ့ အမှား
အကောင်းနဲ့ အဆိုး
အချစ်နဲ့ အမုန်း
ဆန့်ကျင်ဖက်တွေ တွဲဖက်သလိုမျိုး
မင်းနဲ့ငါလည်း အမြဲတွဲဖက်ချင်ပါတယ်
တဖက်သတ်မြတ်နိုးရတဲ့ ကောင်မလေးရယ်......

0 comments:

Post a Comment

Páginas vistas en total