Breaking News
Loading...
Tuesday, November 17, 2015


ဘာသာမတူမှန်းလဲ ငါသိတယ်
လူမျိုးခြားဆိုတာလဲ ငါသိတယ်

ဘာသာမတူတော့
လက်ထပ်ခွင့်မရှိရဘူးလား.....?

လူမျိုးမတူတော့
ပေါင်းဖက်ခွင့်မရှိဘူးလား....?

ချစ်တဲ့သူနှစ်ယောက်
တစ်အိုးတစ်အိမ်တည်ထောင်ဖို့
ဘာသာအယူအဆတွေက မဖြစ်မနေလိုအပ်နေလို့လား....?

ဘာသာနဲ့လူမျိုးမတူတာကြောင့်
မင်းငါ့ကိုထားခဲ့ပြီလား....?

ချစ်တယ်ဆိုတဲ့စကားနှစ်လုံးနဲ့
ငါ့နှစ်လုံးသားကို
နင်ပိုင်ဆိုင်ခဲ့ပေမယ့်
မုန်းတဲ့စကားမပြောပဲ
မသိသလိုလမ်းခွဲသွားတာ
ငါရင်နာတယ်ချစ်သူ

အရင်ကနင်အရမ်းချစ်တဲ့ငါ
ငါအအရမ်းချစ်တဲ့နင်
ဘာသာလူမျိုးမတူတဲ့တို့နှစ်ယောက်
မင်းကမဖြစ်နိုင်တော့ဘူးထင်ရင် နောက်ဆုံးအနေနဲ့
ငါ့ကိုမုန်းတယ်လို့ပြောသွားပါ.....
နင်မဖြစ်နိုင်လို့
နင်ထားခဲ့တဲ့ငါအသည်းကွဲရင် ပြုံးပြုံးကြီးငါငိုနေမယ်.....

0 comments:

Post a Comment

Páginas vistas en total