Breaking News
Loading...
Monday, November 16, 2015


အချစ်တွေ ပေါများနေတဲ့
ခေတ်ကြီးထဲမှာ
ငါ မင်းကို ချစ်တယ်လို့ပြောရင်
မင်း အမှတ်ရပေးပါ့မလား...
နေရာတိုင်း လမ်းမတိုင်း
လွမ်းငွေ့တွေ သန်းနေလို့
ငါလဲ မင်းကိုလွမ်းနေတယ်လို့ပြောရင်
မင်း ယုံလွယ်ပေးပါ့မလား...
ငါဖွင့်မပြောတော့ပါဘူး...
ဆန့်ကျင်ဘက် လားရာဘက်သို့
ပစ်လွှတ်လိုက်တဲ့ မြှားနှစ်ဆင်းလိုပဲ
ဦးတည်ချက်မတူညီပေမဲ့
အချိန်တန်ရင်
မြေပြင်ပေါ် ဆင်းသက်နားခိုရမှာပဲ...
ဒီအချိန်ထိ
ငါမင်းကို သတိရနေသလို
မင်းလဲ
အမှတ်ရအုန်းမယ် ထင်ပါတယ်...

0 comments:

Post a Comment

Páginas vistas en total