မိုးမိတဲ့အမုန်း
Info Post
အီနေတဲ့ အာရုံအတိတ်တွေရဲ့
မိုး တွေတစ်နေလုံး စွေတဲ့နေ့က
ချစ်သူ နင် ငါ့ကို ထားသွားခဲ့တယ်
လဲကျတိုင်းပြန်ထလို့ရတဲ့ ငါ့နှလုံးသား
နင်ထားခဲ့တဲ့နေရာမှာ အခုထိ ထိုင်လျက်သား
မိုးစက်လေးတွေမြင်တိုင်း
အလိုလိုမှေးစင်းသွားတဲ့မျက်လုံး
မျက်တောင်ပြန်အခတ်မှာ
မျက်ရည်စတွေ လျှံကျခဲ့ပြီ
တကယ်ဆို မိုးနဲ့အပြိုင်ငိုနေမိတာ ငါပါ....
သိပ်နာကျင်စရာကိစ္စတွေ မစဉ်းစားတာကြာပေမယ့်
ခံနိုင်ရည်ရှိမှုက တစ်စ တစ်စ လျော့ကျလာတယ်
အလွမ်းတွေကို ဖြေလျော့ထားတာကြာပေမယ့်
ငါ့စိတ်က လေလျော့နေတဲ့ ပူဖောင်းလိုပါဘဲ
အော် !နှလုံးသားဆိုတာ အခါခပ်သိမ်း ချစ်ဖို့မှ မဟုတ်တာ
မုန်းဖို့ရာ အချစ်မရှိသေးတဲ့
နင် ထားခဲ့တဲ့ ဒီဘ၀မှာ
ငါကိုယ်တိုင် ပြန်ချစ်တတ်ဖို့
ကနေ့............
ငါ့ကိုယ်ငါ ပြန်မုန်းလိုက်တယ်
Harrah's Atlantic City - Mapyro
ReplyDeleteFind the cheapest and quickest ways to get from Harrah's Atlantic City to Harrah's 과천 출장안마 Atlantic City Hotel & Casino. 하남 출장샵 All 군포 출장안마 the 김천 출장안마 travel information 태백 출장샵 and map